“SHINee’s BACK!”
'SHINee WORLD VI [PERFECT ILLUMINATION]' ၏ အန်ကော (Encore) ကွန်ဆက်ဖြစ်ပြီး ရှိုင်းနီ (SHINee) ၏ ပြိုင်ဘက်ကင်းသော ဂီတနှင့် ဖျော်ဖြေမှုများ ပါဝင်သည့် စုံလင်သော စင်တင်ဖျော်ဖြေမှုများကို တွေ့ကြုံရမည့် ‘SHINee WORLD VI [PERFECT ILLUMINATION : SHINee'S BACK]’ DVD (KEY ver.) ထွက်ရှိလာပြီ ဖြစ်ပါသည်။
ယခု အန်ကော ကွန်ဆက် DVD တွင် အယ်လ်ဘမ် အမှတ် (၈) မှ သီချင်းများဖြစ်သော 'HARD', 'JUICE', 'The Feeling', 'Like It' တို့အပြင် '누난 너무 예뻐 (Replay)’, 'Ring Ding Dong', 'Sherlock (Clue + Note)', 'Everybody', 'View' စသည့် ရှိုင်းနီ၏ နာမည်ကြီး ဟစ်တ်သီချင်းများ ပါဝင်သော ပြည့်စုံသည့် Setlist ဖျော်ဖြေမှုများ၊ လေ့ကျင့်ရေးခန်းများ၊ ရီဟာဆယ် (Rehearsal) နှင့် D-DAY Making Film များအထိ စုစုပေါင်း ဒစ်စ် (Disk) ၃ ချပ်တွင် အပြည့်အဝ ထည့်သွင်းထားပါသည်။
အထူးသဖြင့် ယခု အန်ကော ကွန်ဆက် DVD ကို Onew, Key, Minho, Taemin ဟူ၍ ဗားရှင်း ၄ မျိုးဖြင့် ထုတ်ဝေမည်ဖြစ်ပြီး၊ ဗားရှင်းတစ်ခုစီတွင် တစ်ဦးချင်း Lenticular ဓာတ်ပုံနှင့် ပို့စကတ်၊ SHINee PIECE၊ ဖိုတိုကတ်များနှင့်အတူ ဗီဒီယို Focus Cam များကို အထူးထည့်သွင်းထားသဖြင့် ပိုင်ဆိုင်လိုစိတ်ကို ပိုမိုမြင့်မားစေပါသည်။ ထို့အပြင် ဗားရှင်းအားလုံးတွင် စာမျက်နှာ ၇၂ မျက်နှာခန့်ရှိသော ဖိုတိုဘွတ် (Photobook)၊ ဒီဂျီပက် (Digipack)၊ ဖိုတိုစတန်း၊ အဖွဲ့လိုက် ပို့စကတ်၊ ၄ ကတ် ဖိုတိုစတစ်ကာနှင့် အကော်ဒီယံ ပို့စကတ်များ ပါဝင်ပါသည်။
ရှိုင်းနီ၏ စုံလင်သော ဂီတကမ္ဘာနှင့် အံ့မခန်း ဖျော်ဖြေနိုင်စွမ်းကို တစ်ဖန်ပြန်လည် ခံစားရစေမည့် ‘SHINee WORLD VI [PERFECT ILLUMINATION : SHINee'S BACK]’ DVD (KEY ver.) ကို ဇွန်လ ၁၇ ရက် (အင်္ဂါနေ့) တွင် အကြိုရောင်းချမည်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက် (အင်္ဂါနေ့) တွင် တရားဝင် ထုတ်ဝေမည် ဖြစ်ပါသည်။
ⓒ 2025 SM ENTERTAINMENT Co., Ltd. All Rights Reserved.
Distributed By F.F Company Corp. Made in Korea.