Secret Number က ၄ ခုမြောက် Single [DOOMCHITA] နဲ့အတူ Concept အသစ် ပြောင်းလဲတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ထူးခြားတဲ့ ဂီတကမ္ဘာနဲ့ အားကောင်းတဲ့ ဆွဲဆောင်မှုတွေကို ပေးစွမ်းသွားမှာပါ။
Secret Number ဟာ စတုတ္ထမြောက် Single မှတစ်ဆင့် သူတို့ရဲ့ ပီပြင်တဲ့ ဂီတအရောင်အသွေးနဲ့ အလှည့်အပြောင်းတွေကို ပြသပြီး ပိုမိုရိုးသားပွင့်လင်းတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။
စွဲမက်ဖွယ် Trap Beat နဲ့ ပြင်းထန်တဲ့ Brass Sound တို့ ပေါင်းစပ်ထားတဲ့ Title track “DOOMCHITA” ဟာ Secret Number ရဲ့ အားကောင်းတဲ့ Performance တွေကို ပေါ်လွင်စေမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့ Pre-chorus ပေါ်မှာ စွဲဆောင်မှုရှိတဲ့ Vocal တွေနဲ့အတူ၊ ဒုတိယပိုဒ်မှာတော့ တင်းကျပ်ပြီး ရင်ခုန်စရာကောင်းတဲ့ Rap တွေ ပေါင်းစပ်ထားတာကြောင့် သီချင်းတိုးလာလေလေ အဖွဲ့ဝင်တွေရဲ့ ကျယ်ပြန့်တဲ့ ဂီတစွမ်းဆောင်ရည်ကို ပိုမိုတွေ့မြင်ရမှာပါ။
ယခု Title track ကို Global Producing Team ဖြစ်တဲ့ ARTMATIC က တာဝန်ယူပြီး ပရိုဂျူးလုပ်ထားတာကြောင့် ဒီအယ်လ်ဘမ်ရဲ့ Performance ဖော်ပြနိုင်စွမ်းကို ပိုမိုမြင့်မားစေခဲ့ပါတယ်။
‘လောကမှာ တစ်ဦးတည်းသော၊ ဘယ်သူနဲ့မှ ငါ့ကို နှိုင်းယှဉ်လို့မရဘူး’ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စာသားတွေဟာ စတိုင်ကျပြီး ယုံကြည်မှုရှိတဲ့ ပုံစံကို ဖော်ပြထားပြီး၊ အဲဒီယုံကြည်မှုတွေကို ပျော်ရွှင်စရာကောင်းတဲ့ Rhythm တွေနဲ့ ပေါင်းစပ်ကာ “DOOMCHITA” အဖြစ် တင်ဆက်ထားတာ ဖြစ်ပါတယ်။
수록곡 (B-side track) ဖြစ်တဲ့ “HOLA” ကတော့ ပြင်းထန်တဲ့ Beat နဲ့ ချိုမြိန်တဲ့ Guitar၊ Synthesizer စတဲ့ တူရိယာတွေကို သင့်တင့်စွာ ပေါင်းစပ်ထားတဲ့ Track တစ်ခုဖြစ်ပြီး၊ ထပ်တလဲလဲဖြစ်နေတဲ့ Vocal Line တွေကြောင့် တစ်ကြိမ်နားထောင်ရုံနဲ့ အလွယ်တကူ မှတ်မိစေမယ့် K-Pop Dance သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းစာသားမှာတော့ တစ်ဖက်လူက မိမိရဲ့ တောက်လောင်နေတဲ့ အချစ်စိတ်ကို သတိမပြုမိလို့ စိတ်မောနေရတဲ့ ခံစားချက်ကို ဖော်ပြထားပါတယ်။
ခြားနားတဲ့ ဂီတ၊ ပြင်းထန်တဲ့ Performance နဲ့အတူ ပိုမိုရင့်ကျက်လာတဲ့ Message တွေပါ ပိုင်ဆိုင်ထားတဲ့ Secret Number ရဲ့ ဆက်လက်တိုးတက်မှုတွေက ဘယ်လိုအောင်မြင်မှုတွေ ရရှိမလဲဆိုတာကို မျှော်လင့်စောင့်စားနေကြပါတယ်။