Hong Jiyun ၏ ပထမဆုံး Full Album “Jiyun is...” ထွက်ရှိလာပြီ
‘Trot Barbie’ Hong Jiyun ၏ ပုံစံမျိုးစုံကို ဖော်ပြထားသည့် “Jiyun is...” ထွက်ရှိလာပြီ
အားလုံးစောင့်မျှော်နေကြတဲ့ Hong Jiyun နောက်ဆုံးတော့ ရောက်ရှိလာပါပြီ~~~~
တစ်နိုင်ငံလုံးက အသိအမှတ်ပြုထားတဲ့ Visual TOP! အားကောင်းတဲ့ အဆိုသံ TOP! ပိုင်ရှင်၊ လှပတဲ့ Visual ပိုင်ရှင် ‘Trot Barbie’ Hong Jiyun ၏ 1ST ALBUM ထွက်ရှိလာပြီ ဖြစ်ပါသည်။
ယခုအယ်လ်ဘမ်တွင် ‘Tomorrow is Miss Trot 2’ တွင် မပြသနိုင်ခဲ့သော Hong Jiyun ၏ ပင်ကိုယ်ပုံစံများကို ပိုမိုစုံလင်စွာ ပြင်ဆင်ထားပြီး၊ Title track ဖြစ်သော ‘Dawn Train’ အပါကဝင် စုစုပေါင်း သီချင်း ၉ ပုဒ် ပါဝင်ပါသည်။
Title track ဖြစ်သော ‘Dawn Train’ သည် Hong Jiyun ၏ စိတ်မကောင်းဖွယ်ရာဖြစ်သော်လည်း ထိန်းချုပ်ထားသော သီဆိုမှုပုံစံနှင့်အတူ စာရေးဆရာသစ် Choi Gu နှင့် Mareumjangjak 924၊ ထို့ပြင် ထူးခြားသော ဂီတပုံစံကို ဖန်တီးသူ Chu Ga-yeol တို့၏ ပူးပေါင်းမှုဖြင့် ပိုမိုနက်ရှိုင်းသော ဂီတတစ်ခုကို တင်ဆက်ထားပါသည်။
ထို့အပြင် ယခုခေတ် MZ မျိုးဆက် လူငယ်များ နှစ်သက်သော စွဲလမ်းစေသည့် ဂိမ်းအတွင်းမှ အီလက်ထရွန်နစ် အသံများနှင့် Trot melody များ ပေါင်းစပ်ထားသည့် ‘Game Trot’ ဟု ခေါ်ဆိုနိုင်သော New-Trot အမျိုးအစားကိုလည်း တင်ဆက်ထားသဖြင့် အသက်အရွယ်မရွေး လူအများအပြား ပျော်ရွှင်စွာ နားဆင်နိုင်မည် ဖြစ်ပါသည်။
Trot လောက၏ ထိပ်တန်းတေးရေးဆရာများဖြစ်သော Chu Ga-yeol, Yoon Myung-sun, Park Hyun-jin, Coma State, Ma A-sung, Lim Kang-hyun, Lee Dong-chul, Ryu Sun-woo တို့ ပါဝင်ဖန်တီးထားသည့် အရည်အသွေးမြင့် ပထမဆုံး Full Album တွင် Hong Jiyun ၏ ပုံစံမျိုးစုံရှိသော ဆွဲဆောင်မှုများကို ခံစားကြည့်လိုက်ကြပါစို့။