ဆိုလိုအနုပညာရှင် Kim Wooseok၊ မတ်လ ၇ ရက်နေ့တွင် အယ်လ်ဘမ်အသစ် [Reve] ကို ဖြန့်ချိမည်
[GREED] နှင့် [TASTY] ပြီးနောက် [Reve] ဖြင့် အလိုရမ္မက် (DESIRE) Trilogy ကို အဆုံးသတ်မည်
အနုပညာရှင် Kim Wooseok အိပ်မက်မက်သော မှော်ဆန်သည့် အချိန်နှင့် နေရာလပ်အတွင်းသို့
Kim Wooseok သည် တတိယမြောက် ဆိုလိုမီနီအယ်လ်ဘမ် ‘3RD DESIRE [Reve]’ ဖြင့် ပြန်လာမည်ဖြစ်သည်။
ယခုအယ်လ်ဘမ်သည် Kim Wooseok က ဆိုလိုဒေဗျူး ပထမဆုံးအယ်လ်ဘမ်ကတည်းက ကြိုတင်အသိပေးခဲ့သော အလိုရမ္မက် (DESIRE) Trilogy ၏ နောက်ဆုံးအပိုင်းကို အလှဆင်မည့် အယ်လ်ဘမ်ဖြစ်ပြီး၊ [GREED] နှင့် [TASTY] ပြီးနောက် [Reve] တွင် ဖြန့်ကျည်မည့် အနုပညာရှင် Kim Wooseok ၏ ဇာတ်လမ်းပါဝင်သော ဂီတကမ္ဘာအပေါ် ပရိသတ်များ၏ ပြင်းထန်သော တုံ့ပြန်မှုများရှိလာမည်ဟု မျှော်လင့်ရသည်။
Kim Wooseok ၏ အိပ်မက်များကို ထည့်သွင်းထားသော ‘3RD DESIRE [Reve]’ ကို Bibbidi နှင့် Bobbidi ဟူ၍ ဗားရှင်းနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး၊ မှော်ဂါထာ ‘Bibbidi-Bobbidi-Boo’ ကဲ့သို့ပင် Kim Wooseok အိပ်မက်မက်သော စိတ်ကူးယဉ် အချိန်နှင့် နေရာလပ်ကို ဖော်ပြကာ စုံလင်သော မြင်ကွင်းများကို ပေးစွမ်းမည်ဖြစ်သည်။
‘3RD DESIRE [Reve]’ သည် ယခင်က Spoiler Poster နှင့် Scheduler များမှတစ်ဆင့် အိပ်မက်ဆန်သော ပတ်ဝန်းကျင်ကို ပြသခဲ့ပြီး မျှော်လင့်ချက်များကို ပိုမိုမြင့်တက်စေခဲ့သည်။ Kim Wooseok အိပ်မက်မက်ခဲ့သော စိတ်ကူးယဉ် မှော်နယ်မြေသည် အယ်လ်ဘမ်တွင် မည်သို့ဖော်ပြမည်နည်းဆိုသည်ကို စိတ်ဝင်စားမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
ပြီးခဲ့သောနှစ်က ဖြန့်ချီခဲ့သော ‘Sugar’ ဖြင့် ဂီတအစီအစဉ်နှစ်ခုတွင် ဆုရရှိခဲ့ပြီး ဆိုလိုအဆိုတော်တစ်ဦးအဖြစ် အောင်မြင်စွာ ခြေကုပ်ယူနိုင်ခဲ့သော Kim Wooseok သည် တစ်နှစ်ခန့်အကြာတွင် အဆိုတော်အဖြစ် ပြန်လာမည်ဖြစ်ရာ၊ ယခုတစ်ကြိမ်တွင် မည်သည့်ဂီတဖြင့် လူထု၏နှလုံးသားကို ဖမ်းစားမည်နည်းဆိုသည်ကို စောင့်မျှော်လျက်ရှိကြသည်။
တစ်ဖက်တွင်လည်း Kim Wooseok ၏ ‘3RD DESIRE [Reve]’ ကို ၂၂ ရက်နေ့မှစတင်၍ အွန်လိုင်းနှင့် အော့ဖ်လိုင်း အယ်လ်ဘမ်အရောင်းဆိုင်များတွင် ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။